သယ်ချင်းမင်္ဂလာပါ...ကျွန်တော်ဆိုဒ်လေးမှကြိုဆိုပါတယ်.သူများတွေလဲဝေမျှပေးနော်.ကျွန်တော်ဆိုဒ်လေးကသယ်ချင်းတို.အတွတ်အထောတ်အကူပြုမယ်ထင်ပါတယ်..ကြိုးစားလျတ်.

Wednesday, January 16, 2013

အခုတလော မြန်မာပြည်ကြီးမှာ iDevice တွေကိုသာ ရွေးချယ်ခိုးယူခါးပိုက်နှိုက်နေတယ် ဆိုတာ ခဏခဏကြားနေရပါတယ်

အခုတလော မြန်မာပြည်ကြီးမှာ iDevice တွေကိုသာ ရွေးချယ်ခိုးယူခါးပိုက်နှိုက်နေတယ် ဆိုတာ ခဏခဏကြားနေရပါတယ်။ သတိထားကြပါ။ အဲ့လိုအခိုးခံရရင်ဖြစ်ဖြစ် ပျောက်ရင်ဖြစ်ဖြစ် ဒီမှာတော့ကယ်ရီက ပြန်ရှာပေးတဲ့ Service ရှိပါတယ်။ ဒါပေမဲ့ တိုးတက်ပြီး လူတိုင်းအလုပ်ကိုယ်စီနဲ့ရှိနေတဲ့ ဂျပန်လိုနေရာမှာတောင် ကျပျောက်ခဲ့မေ့ခဲ့(နေရာနဲ့အလိုက်ပေါ့။ဆိုင်တွေမှာဆိုင်ဝန်ထမ်းကသိရင်တော့သိမ်းပေးထားပါတယ်။နေရာကိုမှတ်မိရင်အဲ့ဆိုင်ကိုဖုန်းပြန်ဆက်ပြီးအချိန်မရွေးပြန်သွားယူလို့ရပါတယ်။ဆိုင်မှာဆို ခဏခဏပဲ မှီရင်တခါတည်းပြေးပြီးလိုက်ပေးလိုက်တယ်သိမ်းရတာအလုပ်ရှုပ်လွန်းလို့။)ပြန်ရဖို့က(%) နဲပါတယ်။ (ဘူတာတို့ကုန်တိုက်ပန်းခြံရထားပေါ်ဆိုကောက်ရသူရဲ့စိတ်ပေါ်မူတည်ပါတယ်။)iph ကလဲပြန်ရောင်းရင်တောင်အနည်းဆုံးယန်း၁သောင်းလောက်က ရတယ်လေ။ အဲ့တော့အတတ်နိုင်ဆုံးကိုယ့်ဖာသာ သေချာထိမ်းသိမ်းတာ အသေချာဆုံးပါ။ နောက်ပြီး တချို့ က အရေုးကြီးတဲ့Dataတွေရေးမှတ်ထားတတ်တော့ ပျောက်ခဲ့ရင် တောင် ရသွားတဲ့တခြားသူ အလွယ်တကူဝင်မရအောင် ကာထားတာ အကောင်းဆုံးပါ။ (ခေတ်မှီလာတာနဲ့ အမျှ internet crime တွေရန်ကလဲကြောက်ရသေးလေ ကိုယ့်ပုံတွေ ဒေတာတွေနဲ့ Crime တွေလုပ်နိုင်တယ်လေ။) အဲ့လို ကာဖို့ iDevice User တိုင်း iCloud Ac တခုရှိကိုရှိသင့်ပါတယ်။ ဖွင့်နည်းကတော့လွယ်ပါတယ်။ ကိုယ်တဦးတည်း မူပိုင်သုံးတဲ့ Apple ID တခုရှိရင်ရပါပြီ(လူတိုင်း မျှသုံးနေတာဆိုရင်တော့ သိတဲ့အတိုင်းပဲနော် သင့်ဖုန်းရဲ့လုံခြုံရေးကို။) ဖုန်းမှာ jailbreak ရှိရှိမရှိရှိ iCloud နဲ့မဆိုင်ပါဘူး။iCloud ကို Supporting ပေးသော ios 5 အထက်ရှိရပါလိမ့်မယ်။

၁။ ၎င်းApple ID နဲ့သင့်ဖုန်းရဲ့
Setting>>iCloud မှာ iCloud Ac create လုပ်ပါ။

၂။Location Service ကိုဖွင့်ထားပါ။ (အဲ့ထဲမှာလဲ iCloud ကလဲactive ဖြစ်နေပါစေ။)

၃။ ပြီးရင် တခြား PC,OSX,iDevice ကနေ့သင့်iDevice ကိုပြန်လည်ထိမ်းချုပ်ရန် အတွက်

၁) iDevice မှ ထိန်းလိုလျှင်
Apple Store>> Search>>Find My iPhone ကိုရှာInstall လုပ်ပါ။
အဲ့ FMIPH App ထဲကို အပေါ်က ကိုယ်ထိန်းချင်တဲ့ Device ရဲ့ Setting ထဲ Create လုပ်ယူခဲ့သော iCloud ID နဲ့ PW ကို ထည့်လိုက်ရင် သင့်ဖုန်း ရဲ့ရှိနေတဲ့နေရာ(location) ၊ပျောက်ခဲ့ရင် အသံပေးရန် (Alert Sound) (ဖုန်းက silent လုပ်ထားတောင် တယောက်ယောက်ကမပိတ်မခြင်းAlert Sound ကမြည်နေပါတယ်။Alert Sound ကကိုယ့်အနီးနားတဝိုက်မှာရှာမတွေ့ခဲ့ရင် ဖုန်းring ကိုလဲ silent လုပ်မိတဲ့အချိန်ကျ အလွယ်တကူ အသံပေးပြီးရှာရန် အသုံးဝင်ပါတယ်။) ၊
Lost Mood ထဲထပ်ဝင်လိုက်ရင်ဖုန်းထဲ သူခိုးကဝင်မရတော့တဲ့အပြင် ၊ Remote Delete Data လဲအဝေးကနေ Data တွေဖျက်ချနိုင်ပါသေးတယ်။ အဲ့ဒီ Find My iPhone ကိုကိုယ့်တခြားဖုန်းမှမဟုတ်ပါဘူးမည်သည့် iDevice ထဲကမဆို ပျောက်သွားတဲ့iCloud ID ကို Sign In ဝင်ပြီးလုပ်နိုင်ပါတယ်။ (iCloud IDတူတူမတူတူတခြားiDevice သုံးသူငယ်ချင်းတွေကိုလဲအကူအညီတောင်းလို့ရတယ်ဆိုတဲ့သဘောပါ။)iCloud နဲ့ Find My iPhone ဟာ Apple ရဲ့တရားဝင် Product များဖြစ်လို့ jailbreak မလုပ်ထားလဲသုံးလို့ရပါတယ်။iDevice မှာ ios 5 နဲ့အထက်ရှိရပါမယ်။

၂)Mac ဆို ရင် OSX Mountain Lion (v10.8) ရှိရပါမယ်။
မရှိသေးရင် Lastest Version ကို Mac App Store မှာဝယ်ပါ။
iCloud ကိုဖွင့်ပြီး Function ထဲဝင်ပြီးထိန်းလို့ရပါပြီ။

၃) Window PC ဆို အနည်းဆုံး window 7 ရှိရပါမည်။ iCloud Control Panel 2.1.1 for window ကို အောက်ကလင်ကနေယူပါ။

http://support.apple.com/kb/DL1455

ပြီးရင် Mac လိုပဲကိုယ်ထိန်းခြင်တဲ့ iDevice ကိုထိန်းလို့ရပါပြီ။
မှတ်ချက်။ ။ Mac နဲ့ Window ဆိုရင်တော့ Control လုပ်မဲ့ iDeviceထဲကSetting ထဲထည့်ထားခဲ့တဲ့ iCloud Account နဲ့ တူမှရမယ်နော်။

iCloud Setting လုပ်နည်းကို

http://www.apple.com/icloud/setup

နဲ့

http://www.icloud.com/iphone-welcome/

မှာအသေးစိပ်ပုံများနှင့်တကွလေ့လာနိုင်ပါတယ်။

(Copy / Paste နည်းဖြင့် Share သူများ Myanmar Mobile Application Store Fan Page သို့မဟုတ် www.myanmarmobileapp.com အား credit ပေးပေးပါရန်။)

ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

Powered By Blogger